ရင်ဖွင့်ချက်.

January 16, 2008

လိမ်တယ်ဆိုတာ ဘယ်တော့မှမကောင်းပါဘူး…ဒါပေမယ့် ကောင်းသောလိမ်ချင် ဆိုတာလည်းရှိပါတယ် ခုကျွန်တော် မလိမ်လို့မဖြစ်တဲ့ ကိတ်စ တခုကို အားလုံး ကိုလိမ်ရတော့မယ်..ကောင်းသောလိမ်ချင်မျိုးပါ ဒါပေမယ့် ကျွန်တော်စိတ်မသန့်လို့……ကျွန်တော့ ဘလောက်မှာ ရင်ဖွင့်ခြင်းဖြစ်ပါတယ်…..

By the year 3000

January 7, 2008





















Type your summary here.

Type the rest of your post here.

ရတနာပုံမြို့တော် Programming နှင့် NetGameပြိုင်ပွဲ

December 10, 2007

ရတနာပုံ စီးတီးဖွင့်ပွဲအထန်းအမှတ် နဲ့ အိုင်စီတီ သတင်းပတ် အနေနဲ့ Programming ပြိုင်ပွဲ နဲ့ NetWork Game ပြိုင်ပွဲ ကို တခု ၁၅ ရက် ဒီဇင်ဘာလ မှာ ရတနာပုံ စီးတီး မှာ ကျင်းပမယ်တဲ့ဗျား.. Programmer တွေ ဂိမ်းသမားတွေအတွက် သတင်းကောင်းပါ.


Programming ပြိုင်ပွဲမှာ

  1. Desktop Application
  2. Web Application

ဆိုပြီး ၂ ခု ရယ်
3 Intermediate တခုရယ် ပြိုင်ပွဲ အမျိုး အစား ၃ မျိုးပါ၊

ကြိုက်တာ ပြိုင်လို့ရပါတယ်။
ကြိုက်တဲ့ Language ကြိုက်တဲ့ Database နဲ့ ၀င်ပြိုင်လို့ရပါတယ်..

ပထမဆု – ၈ သိန်း
ဒုတိယဆု – ၅ သိန်း
တတိယဆု – ၃ သိန်း

အဖွဲ့တဖွဲမှာ ၂ ယောက် ပါဝင်နိုင်ပါတယ်၊ပြိုင်ပွဲ ၀င်ကြေးက ၅ထောင် ဖြစ်ပါတယ်၊
အသေးစိတ်သိချင်ရင် MCPA ( မြန်မာကွန်ပျူတာအသင်းရုံးခန်း) မှာ သွားစုံစမ်းလို့ရပါတယ်

NetWork Game ပြိုင်ပွဲမှာ

  1. Warcraft III
  2. The Frozen Throne Expansio

၂ မျိုး ပြိုင်လို့ရပါတယ် ဆုငွေတွေကတော့ programming ပြိုင်ပွဲအတိုင်းဖြစ်မယ်ထင်တယ်.
ပြိုင်ပွဲဝင်ကြေးက ၁သောင်းခွဲ ဖြစ်ပါတယ်။

ထိုက်ထိုက်တန်တန်ပါဘဲ..
လက်မလွတ်သင့်တဲ့အခွင့်အရေးဖြစ်ပါတယ်…
ခက်တာ ကျွန်တော့မှာ သေချာ ပြင်ဆင်ထားတာဘာမှမရှိ တော့ မပြိုင်ဖြစ်လောက်ဘူးထင်ပါတယ်..

ရတနာပုံစီတီး ဖွင့်ပွဲ

December 7, 2007

ရတနာပုံစီတီး ကို ၁၄ ရက်နေ့မှာဖွင့်ပွဲလုပ်မယ်လို့ ကြားတယ် ၆ ကြိမ်မြောက် အိုင်စီတီ ပြပွဲကိုလည်း အဲဒီမှာဘဲ လုပ်မယ်တဲ့ အဆောက်အဦး ကြီးကတော့ ခန့်ခန့်ထည်ထည်ဘဲ
www.yatanaponteleport.net.mm မှာဝင်ကြည့်တာ .အိုင်စီတီ ပြပွဲ ကို ၁၄ ရက်ကနေ ၂၀ ထိ လုပ်မယ်တဲ့
ဘယ်သူတွေ လာကြမလဲတော့မသိဘူး အဝေးကြီး ကို သူ့တို့လူတွေနဲ့ ဘဲ ပြည့်နေမလားမသိဘူးနော် :-)

Type the rest of your post here.

Hello world!

October 23, 2007

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

ကမ္ဘာမြေဆုံးထိ

October 20, 2007
ကမ္ဘာမြေဆုံးထိ – ဖြူ+မျိုးကျော့မြိုင်

CHO: ( ရှင်သန်ရာချိန်လေးတော့ မင်းရဲ့အနားနေချင်လို့ပါ
တူတူဆို အိပ်မက်တိုင်းဟာ တို့ရဲ့ကမ္ဘာ
ကြင်နာသူ စိတ်တိုင်းက ဘ၀သစ်ထဲမှာ အမြဲတစ်သက်လုံး
သံသရာအဆုံး ကမ္ဘာမြေဆုံးထိ မခွဲချင်ဘူး )၂

ကိုယ်နေချင်တာက မင်းရဲ့အနား ကို လိုချင်တာက မင်းရဲ့အချစ်များ
မြင်ချင်ပါတယ် မင်းအပြုံးလေး ကို့နေ့ညတွေကို အဓိပ္ပါယ်ပေး
ကို့ရဲ့ဘ၀အမှတ်တရ ကို့ရဲ့ဘ၀ထာဝရ
မင်းစကားတွေကို သိပ်ချစ်လွန်းလို့ မင်းပြုံတာကို သိပ်ချစ်မိလို့
ရှင်သန်ရာ ဒီဘ၀လေး တစ်ခုမှာ ကိုတို့နှစ်ယောက်ဟာ
အနီးဆုံးချစ်သူတွေပါ

CHO():

ကြင်နာသူလေး မင်းစိတ်ဆင်းရဲမှာ ကလေးလးတစ်ယောက်လို ပြုံတတ်တဲ့မျက်နှာ
ညှိုးနွမ်းရမယ့်အချိန်များ ခံစားသွးရမယ့်အချိန်များ ကို့ရဲ့ဘ၀မှာ တကယ်မရှိချင်တော့လိုပါ
လူတွေ အပြင်မှာ ပြောတဲ့စကား ကိုတို့ဘ၀အတွက် စိတ်အနှောင့်အယှက်တွေလား
တကယ်သေချာမင်းဆုံးဖြတ်ထား ကိုတို့နှစ်ယောက်ဟာ ကမ္ဘာမှာ တကယ်အဓိကဘဲမဟုတ်လား

CHO():

အစွဲအလန်း သူယုံကြည်ပေးပါ မခွဲတမ်းနေချင်တာ မင်းအနားနား
အစွဲအလန်း သူယုံကြည်ပေးပါ မခွဲတမ်းနေချင်တာ မင်းအနားနား

CHO():

Download Now

Web Page Maker

October 19, 2007

ကိုယ်ပိုင် Personal Website တွေ ရေးဖို့ဆိုရင် Micromedia Dreamweaver လိုမျိုး Software အကြီးကြီးတွေလည်း မသုံးချင်ဘူး..မသုံနိင်ဘူး ..Microsoft FrontPage ကိုလည်း သဘောမကျဘူးဆိုတဲ့ သူတွေ…ကျွန်တော်တို့လို User Lever တွေ အတွက် တော်တော်အခက်ကြုံပါတယ်။ Web Page Marker ကို သုံးကြည့်ပါ တော်တော်လေး ကောင်းပါတယ်။ Template တွေလည်း ပါတယ်.HTML Knowledge ရှိစရာတောင် မလိုပါဘူး။ သူ့မှာ ပါသလောက် ကိုမကြိုက်လို့ ကိုပိုင် HTML / Javascript တွေရေးပြီး သုံးချင်တယ်ဆိုလည်း ခွင့်ပြုပါတယ်။ သူရဲ့ File Format က WMP ပါအကုန်ပြီးပြီဆို HTML ကို Export လုပ်ပြီးတော့ Hosting တခုခု မှာတင်လိုက်ယုံပါဘဲ။ သုံကြည့် ပါ။
Download Here

My FTP Blog

October 18, 2007

ကျွန်တော့် ရဲ့ ဘလောက် www.Kzw87.blogspot.com ကို ၀င်ကြည့်လို့မရမှာဆိုးလို့ FTP Blog အဖြစ် www.Kzw87.110mb.com တွင် ထပ်တင်ထားတယ် ၂ နေရာလုံးက ကြည့်လို့ရတယ် ဗျား.

Proxy Software

October 17, 2007

ဘမ်းထားတဲ့ Website တွေ ကို Proxy တွေနဲ့ ကျော်ဖွင့် တဲ့ နေရာမှာ www.helloyo.com, www.3proxy.net တွေကို သုံးပေမယ့် အဲဒီ Website တွေက Javascript ပါရင် မရဘူး ဥပမာ Gmail ကို Standart View နဲ့ဖွင့်လို့မရဘူး HTML View ဘဲရတယ်
Freedom လိုမျို Software နဲ့ ကျော်ရင် ရတယ် ဒါပေမယ့် Configuration လုပ်ရတာ ရှုပ်တယ်..ပြီးတော့ Freedom က စက်တိုင်းမှာမရဘူးဗျား ဘာလည်းမသိဘူး ..
အခု ကျွန်တော် Freedom လိုမျိုး Software တခုရထားတယ် စမ်းကြည့်ပါဦး ဘာမှမလိုဘူး http://mr.eveningprimrose.googlepages.com/freedom.exe ကနေ ဒေါင်းလုပ်လုပ်လိုက်ပါ ဆိုဒ်က ဘာမှမရှိဘူး ပြီးတော့ ဒေါင်းလုပ် လုပ်ထားတာကို Click လိုက် Box တခုကျလာမယ် အဲဒါကို Ok လုပ် ပြီးရင်ခနစောင့် Internet exmlore တခု ကျလာမယ် အဲဒီမှာ Chinese Page တခုတက်လာမယ် အဲဒီမှာ ဖွင့်ချင်တဲ့ Website ကို ရိုက်ပြီးဖွင့်လို့ရတယ်..ပြီးရင် သော့ပုံလေး ကို Right Click လုပ်ပြီးတော့ Exit လုပ်လိုက်..
ပြီးရင် Internet Explore ရဲ့ IP Address ကို ပြန်ပြောင်းဖို့တော့လိုမယ်ဗျား.သူက 127.0.0.1 ကိုပြောင်းပစ်လိုက်တာ.အဲဒါကို ကျွန်တော်တို့က ပုံမှန်အတိုင်း ပြန်သုံးချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ အရင် IP Address ကိုပြန်ရိုက်ထည့်ရမယ်
IP Address ကို ဘယ်က ထည့်ရလည်းဆိုတော့ Internet Explore ရဲ့ Tools Menu => Internet Options =>Connection ==> LAN Settings အဲဒီမှာ Address ဆိုတဲ့ နေရာမှာ ကိုယ်ပိုင် IP Address ကိုပြန်ထည့်ယုံပါဘဲ

စိတ်မကောင်းစရာပါလား.

October 9, 2007

စိတ်မကောင်းစရာပါဘဲ ဘလောက်တွေ ကိုဘမ်းပစ်လိုက်တာ အခု ကျွန်တော် ဖတ်နေကျ ဘလောက်တွေ ကိုဝင်ကြည့်တော့ အသစ်ရေးတာမတွေ့ရဘူး..အင်တာနက်ကလည်း အချိန်ပြည့်မရ ဘလောက်တွေက လည်း ဘမ်းထားတော့ ရေးဖို့မလွယ်ကြဘူးထင်တယ်နော်


Follow

Get every new post delivered to your Inbox.